2019-08-03

Schedule

Date:
Time:

Entrepreneurship Workshop

စွန့်ဦးသူရဲ့ ဆန်းသစ်မှုများ (Entrepreneurship Workshop)

ဆန်းသစ်တီထွင်တဲ့ Business Idea တွေကို ဘယ်လိုဖော်ဆောင်မလဲ?

စီးပွားရေးလုပ်ငန်းတစ်ခုအနေနှင့် အများသူငါလုပ်ငန်းတွေထက် ဦးဆောင်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ထုတ်ကုန်တွေကို ဆန်းသစ်တီထွင်နိုင်နေရုံနဲ့ မလုံလောက်ပါဘူး။ လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်း မြင့်မားနေဖို့ကလည်း လိုအပ်ချက်တစ်ခုပါ။ ဈေးကွက်ဖော်ဆောင်မှုပိုင်းဆိုင်ရာ၊ လုပ်ငန်းစီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်တဲ့အတွေးအခေါ်မျိုးတွေကို ဖန်တီးဖော်ဆောင်ခြင်းဆိုင်ရာ အသိအမြင်များမျှဝေပေးလိုတာကြောင့် ….

ဒီတခါမှာတော့ မြန်မာလူငယ် စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်တဲ့ Flexible Pass ၏ Founder and CEO ဖြစ်သူ ကို Sully (ကိုထက်အောင်လတ်)ကို ဖိတ်ခေါ်ပေးထားပါတယ်။ Flexible Pass သည် ရန်ကုန်မြို့ အနှံ့နေရာ၁၂၀ကျော်ရှိ gyms,fitness centers နှင့် hotels များတွင် အားကစားနည်းမျိုးစုံကို ကစားလို့ရတဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံးနှင့်နံပါတ်တစ် fitness pass ဖြစ်ပါတယ်။ ကို Sully ဟာ Phandeeyar က ပြုလုပ်တဲ့ Founder Institute program ရဲ့ ပထမဦးဆုံး batch ကိုအောင်မြင်စွာတက်ရောက်ခဲ့ပြီး investment first round ကိုလည်း raise လုပ်နိုင် ခဲ့ပါ သည်။ ကို Sully ဟာ Bachelor of Business Management ကို University of Queensland, Australia က နေရရှိထားပြီးကျောင်းပြီးတဲ့အချိန် December 2015 မှာ မြန်မာပြည်ကိုပြန်လည်ပြောင်းရွှေ့ နေထိုင်ခဲ့သူဖြစ်ပါတယ်။

MBA ကဲ့သို့ ဘွဲ့လွန်ပညာရပ်များကို ဆက်လက်လေ့လာလိုသူများ/ Career Development ရယူလိုသူများ / ဘွဲ့ရပြီးလူငယ်များ တက်ရောက်သင့်သည့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Workshop တက်ရောက်ရင်း Kaplan Myanmar မှာ သင်ကြားပို့ချပေးနေသော MBA Programme ကို လေ့လာဆွေးနွေးနိုင်ရန်နှင့် Kaplan ၏ Learning Experience ကို လေ့လာနိုင်ရန်အတွက်လည်း ကျောင်းပြီးထားတဲ့ Alumni တွေနဲ့လည်း တွေ့ဆုံပြီး Campus Tour ပြုလုပ်နိုင်ရန်လည်း စီစဉ်ထားတာမို့ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။

Register Here: http://bit.ly/KMUCEIW

Venue:

Kaplan Myanmar University College - KMUC A/6 Waggi Yeik Thar Street, Kamayut Township, Yangon, 11041