2019-05-18

Schedule

Date:
Time:

Fireside Chat: Episode 3

ဒီတစ်ခေါက် Fireside Chat Episode 3 မှာတော့
Digital Marketing လောကမှာ နာမည်ကြီးတစ်ယောက်လည်းဖြစ် Kaplan Singapore ရဲ့ ကျောင်းသားဟောင်းတစ်ယောက်လည်းဖြစ်တဲ့ Ko Saw Thura Win @ Michael နဲ့အတူ Fireside Chat ပွဲလေးကို ထပ်မံကျင်းပပြုလုပ် ပေးသွားမှာပါ။ Fireside Chat Event လေးတွေလုပ်လာတာ ၃ပွဲမြောက်ဖြစ်လာပြီဆိုတော့ အားလုံးလည်းရင်းနှီးနေမယ်
လို့ထင်ပါတယ်။

ပွဲမှာ မေးခွန်းတွေကို ဖြေကြားပေးမယ့် Ko Michael ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းလေးကိုပြောပြပေးပါ့မယ်။
Ko Michael ကတော့ Marketing နယ်ပယ်မှာ အတွေ့အကြုံများစွာ ရှိထားသူတစ်ဦးဖြစ်ပြီး Brand တွေအများကြီးအတွက် Intergrated Marketing Communication Campaign ပေါင်းများစွာကို ဦးဆောင်လုပ်ကိုင် ပေးခဲ့သူတစ်ဦးပါ။ TVC/Digital Video Production, Influencer Marketing and Digital Marketing တို့မှာလည်း အတွေ့အကြုံတွေများစွာရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ ERA Myanmar (REVO Digital Marketing Agency + Echo PR Agency) မှာ Account Director တစ်ဦးအဖြစ်နဲ့ လုပ်ကိုင်လျက်ရှိပြီး၊ လက်ရှိလုပ်ကိုင်နေတဲ့ Agency အတွေ့အကြုံတွေနဲ့အတူ Marketing နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို Fireside Chat ပွဲမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ သင်က Ko Michael ကို ကိုယ်သိချင်တာတွေ မေးနိုင်မယ့် အခွင့်အရေးကိုလည်း ရရှိမှာဖြစ်ပါတယ်။

ပွဲကိုတက်ရောက်ဖို့ စိတ်ဝင်စားမယ်ဆိုရင်တော့ အောက်က Link ထဲမှာ register လုပ်ပြီးတက်ရောက်ဖို့ကို ဖိတ်ခေါ်လိုက်ပါရစေ။ အသေးစိတ်သိရှိချင်တယ်ဆိုရင်လည်း အောက်မှာပေးထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ရပါတယ်။

Register Link : http://bit.ly/FSCEP3FBEvent

ပွဲကျင်းပမည့် ရက် : ၁၈ ရက်နေ့၊ ၅ လ၊ ၂၀၁၉
ပွဲကျင်းပမည့် အချိန် : နံနက် (၁၁) နာရီမှ (၁၂) နာရီ
ပွဲကျင်းပမည့် နေရာ : Kaplan Myanmar University College

No. 6A, Waggi Yeikthar Street, Pyi Yeik Mon, Kamayut Township, Yangon

09 – 777 686 000, 09 – 777 636 000

Venue:

No. 6A, Waggi Yeikthar Street, Pyi Yeik Mon, Kamayut Township, Yangon