2019-05-25

Details:

Name Kaplan Myanmar University College - KMUC Category Education

Schedule

Date:
Time:

Fireside Chat: Episode 4

Fireside Chat ပွဲတွေလုပ်လာတာ ၄ပွဲမြောက်ကို ရောက်လာပြီဆိုတော့ တော်တော်များများလည်း ဒီပွဲလေးကို ရင်းနှီးနေကြပြီထင်ပါတယ်။ ဒီတစ်ခေါက်ပွဲမှာတော့ Entrepreneurship နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အားတွေပေးမယ့် Women Empowerment နဲ့ ပတ်သက်တာတွေကိုပါ ဒီပွဲမှာပြောပြပေးမှာဖြစ်ပြီးတော့ သင်ကိုယ်တိုင်လည်း ကိုယ်သိလိုတဲ့မေးခွန်းတွေကို ဒီပွဲကိုတက်ရောက်ပြီးတော့ ထဲထဲဝင်ဝင်ပါဝင်မေးမြန်းနိုင်ပါတယ်။ ဒီတစ်ခါအတွက်ပွဲမှာ လာရောက်ပြောကြားပေးမှာကတော့ Gadawin Magazine ရဲ့ ပဲ့ကိုင်ရှင် Ms Lach Baniya နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မ Lach ကတော့ ၂၀၁၄ခုနှစ်မှာ Murdoch University ကနေ MBA ဘွဲ့ကို ရရှိထားသူတစ်ဦးဖြစ်ပြီး Icarus Media Co., Ltd ကို Co-founder အနေနဲ့ တည်ထောင်ပေးခဲ့သူ တစ်ဦးပါ။ ယခုလက်ရှိမှာတော့ Chief Operating Officer တစ်ဦးအနေနဲ့ GandaWin Magazine နဲ့ GandaWin Telly တို့မှာ တာဝန်ယူလုပ်ကိုင်နေပါတယ်။

မ Lach ရဲ့ GandaWin Magazine ကိုဘယ်လိုတည်ထောင်ဖြစ်ခဲ့တယ်၊ သူမရဲ့ Entrepreneurship နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ခဲ့တယ် ဆိုတာတွေနဲ့၊ မြန်မာအမျိုးသမီးတွေအပေါ်မှာ စိတ်ဓာတ်ခွန်အားတွေပေးဖြစ်ခဲ့ပုံတွေကို သင်ကိုယ်တိုင်ပါဝင်ပြီးတော့ မ Lach ကို သင်ကိုယ်တိုင် မေးခွန်းလေးတွေမေးပြီးတော့လည်း ပါဝင်နိုင်ပါတယ်။ ပွဲကိုတက်ရောက်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က link လေး နဲ့ ဖုန်းနံပါတ်တွေမှာ register လုပ်ပြီးပါဝင်နိုင်ပါတယ်။

Register Link : http://bit.ly/FSCEP4EV

ပွဲကျင်းပမည့် ရက် : ၂၅ ရက်နေ့၊ ၅ လ၊ ၂၀၁၉
ပွဲကျင်းပမည့် အချိန် : နေ့လည် (၂) နာရီမှ (၃) နာရီ
ပွဲကျင်းပမည့် နေရာ : Kaplan Myanmar University College

No. 6A, Waggi Yeikthar Street, Pyi Yeik Mon, Kamayut Township, Yangon
09 – 777 686 000, 09 – 777 636 000

Venue:

No. 6A, Waggi Yeikthar Street, Pyi Yeik Mon, Kamayut Township, Yangon