2019-06-15

Schedule

Date:
Time:

Fireside Chat: Episode 5

Fireside Chat ရဲ့ Episode 5 ကနေ ပြန်လည်ပြီးတော့ ကြိုဆိုလိုက်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်တွေကနေ အောင်မြင်နေကြသူတွေကို အားလုံးနဲ့တွေ့ဆုံနိုင်ဖို့အတွက် Fireside Chat ပွဲလေးကို ပြုလုပ်ပေးနေတာဖြစ်လို့ အားလုံးကိုလည်း လာရောက်ပါဝင်စေချင်ပါတယ်။ ဒီပွဲမှာတော့ အားလုံးနဲ့လည်း ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်တဲ့သူတစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Project Win – PJW Vlog အနေနဲ့သိထားကြတဲ့ ကိုဝင်းကိုကိုအောင်ဖြစ်ပါတယ်။ ကိုဝင်းကိုကိုအောင်ကတော့ မြန်မာပြည် အစိုးရအခြေခံကျောင်းကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး၊ အစိုးရတက္ကသိုလ်မှ ကျောင်းပြီးထားတဲ့ သာမန်မိသားစုကနေ ဆင်းသက်လာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အခြားလူငယ်တွေလိုပဲ ကျောင်းပြီးတဲ့နောက်မှာတော့ ဖုန်းဆိုင်မှာ အချိန်ပိုင်းအရောင်းစာရေးဝန်ထမ်း အနေနဲ့အလုပ်လုပ်ကိုင်ခဲ့ပြီးနောက်မှာတော့ အမေရိကန်၊ အစ္စရေး၊ တောင်အာဖရိက အပါအဝင် နိုင်ငံ 6 နိုင်ငံ မှာ အလုပ်နှင့် ပညာရေးဆိုင်ရာ အတွေ့အကြုံများကို ရရှိအောင် ကိုယ်တိုင်ရုန်းကန်ပြီး ကြိုးစားခဲ့သူတစ်ဦးပါ။ သူက စွန့်ဦးတီထွင် လုပ်ငန်းတွေတည်ထောင်ရတာကို ရူးသွပ်ပြီး ယခုအချိန်မှာတော့ လူငယ်များအတွက် အကျိုးရှိစေမယ့် Creative Education တွေကို မျှဝေနေတဲ့ PJW Vlog ကို ဦးဆောင် တည်ဆောက်နေသူဖြစ်ပါတယ်။ ကိုဝင်းကိုကိုအောင်ရဲ့ ယနေ့အချိန်အထိ အောင်မြင်မှုတစ်ခုကိုရဖို့ သူဘယ်လိုတွေကြိုးစား လုပ်ဆောင်ခဲ့တယ်၊ သူဘယ်လိုမျိုး PJW Vlog ကိုစတင်တည်ထောင်ဖြစ်ခဲ့တယ်ဆိုတာတွေနဲ့ သူရဲ့ entrepreneurship အတွေ့အကြုံတွေ၊ Vlogging ပိုင်းဆိုင်ရာတွေကိုလည်း ပြောပြပေးသွားမှာပါ။ ဒီပွဲကိုတော့ အခမဲ့တက်ရောက်နိုင်ပြီး လာရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link နဲ့ ဖုန်းနံပါတ်တွေမှာ register လုပ်ပြီး ပါဝင်လို့ရပါတယ်။

Register Link : http://bit.ly/FSCEp5

ပွဲကျင်းပမည့် ရက် : ၁၅.၆.၂၀၁၉
ပွဲကျင်းပမည့် အချိန် : နံနက် (၁၀) နာရီမှ (၁၁) နာရီ
ပွဲကျင်းပမည့် နေရာ : Kaplan Myanmar University College No. 6A, Waggi Yeikthar Street, Pyi Yeik Mon, Kamayut Township, Yangon
09 – 777 686 000, 09 – 777 636 000

Venue:

No. 6A, Waggi Yeikthar Street, Pyi Yeik Mon, Kamayut Township, Yangon