2019-09-28

Schedule

Date:
Time:

Fireside Chat with Campaign Strategist

Unicode: (Zawgyi Below)

“Campaign Idea တွေရဖို့ ထိုင်စောင့်နေတုန်းပဲလား”

Marketer တိုင်းကြုံတွေ့ရတဲ့ အကြီးမားဆုံးအခက်အခဲက Client/ Boss တွေရဲ့ အလျင်အမြန်လိုအပ်ချက်တွေအရ Campaign Idea တွေကို စဥ်းစားရတာပါပဲ။ Campaign Idea တွေက လူတွေကို ဆွဲဆောင်နိုင်ပါ့မလား၊ Client/ Boss ကရော ကိုယ့်ရဲ့ Campaign Idea တွေကို Approve ပေးပါ့မလား အစရှိတဲ့ စိုးရိမ်မှုတွေနဲ့ ဘက်ပေါင်းစုံအောင် လိုက်စဥ်းစားနေရတဲ့အချိန်မှာတော့ Idea တွေက လွယ်ကူလျင်မြန်စွာ ထွက်မလာတော့ပါဘူး။

သင့်အနေနဲ့ Campaign တွေကို ဦးစီးကိုင်တွယ်လုပ်ဆောင်နေရတဲ့ လူတစ်ယောက်ဆိုရင်တော့ ဒီတစ်ခေါက် ကျွန်တော်တို့ Fireside Chat မှာ ဆွေးနွေးပေးမည့် Ko Zaw Ye Linn @ Royal Kyaw နဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်ပါရစေ။

Ko Zaw Ye Linn ကနေ ဒီတစ်ခေါက် Fireside Chat မှာ အချိန်တိုအတွင်း Campaign Idea တွေကို စဥ်းစားလို့ ရနိုင်မည့် နည်းလမ်းတွေကို ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။

Fireside Chat ဆိုတာကတော့ အနောက်နိုင်ငံတွေမှာ အရမ်းခေတ်စားတဲ့ မီးလင်းဖိုလေးဘေးမှာ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်အကြောင်းအရာ တစ်ခုပေါ်မှာ သေချာဆွေးနွေးတိုင်ပင်ကြတဲ့ ပွဲလေးမျိုးပါ။ မြန်မာနိုင်ငံမှာတော့ မီးလင်းဖိုမရှိပေမဲ့ ကောင်းမွန်တဲ့ ယဉ်ကျေးမှုတစ်ခုကို Kaplan Myanmar မှယူဆောင်လာဖြစ်ပါတယ်။

Ko Zaw Ye Linn ကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး Experiential Marketing Agency ကြီးတစ်ခုဖြစ်တဲ့ Big Bang Marketing မှာ Strategic Director ‌အနေနဲ့ လုပ်ကိုင်လျက်ရှိပြီး

Coca Cola အပါအဝင် Multinational Company ‌တွေအတွက် Marketing Campaign ပေါင်းများစွာ ရေးဆွဲပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

မတူညီတဲ့ လုပ်ငန်းပေါင်း ၅၀ ကျော်အတွက် Campaign Proposal ရာချီ ပြင်ဆင်ပေး ပြီး

၂၀၁၈ တစ်နှစ်အတွင်း အောင်မြင်ခဲ့သော Campaign and Event ပေါင်း ၉ခု အတွက် campaign plan များ ပြင်ဆင်ပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပညာရေး Background အနေနဲ့
Kaplan Singapore Campus မှာ Bachelor of Science (Hons) in Marketing, University College Dublin, National University of Ireland ကိုရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝှမ်း ကျော်ကြားလာတဲ့ လမ်းလျောက်သင်္ကြန်တွေရဲ့ အစဖြစ်တဲ့ Yangon Splash Walk (ရန်ကုန်လမ်းလျောက်သင်္ကြန်) ကို စတင်ခဲ့တဲ့ စကောနင်ဂျာ (၇)ယောက်ထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

ဒီပွဲလေးကိုတက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါလင့်မှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါတယ်။
Register Link- http://bit.ly/FSC10

Zawgyi:













Venue:

Kaplan Myanmar University College - KMUC A/6 Waggi Yeik Thar Street, Kamayut Township, Yangon, 11041