Fireside Chat with IT Professional

Unicode: (Zawgyi Below)

“Fireside Chat with IT Professional”

Fireside Chat မှာ Marketing, Finance, HR, Entrepreneur ဆိုပြီး အပိုင်း ၄ပိုင်းခွဲပြီးလုပ်လေ့ရှိပါတယ်။

Fireside Chat ဆိုတာကတော့ အနောက်နိုင်ငံတွေမှာ အရမ်းခေတ်စားတဲ့ မီးလင်းဖိုလေးဘေးမှာ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်အကြောင်းအရာ တစ်ခုပေါ်မှာ သေချာဆွေးနွေးတိုင်ပင်ကြတဲ့ ပွဲလေးမျိုးပါ။ မြန်မာနိုင်ငံမှာတော့ မီးလင်းဖိုမရှိပေမဲ့ ကောင်းမွန်တဲ့ ယဉ်ကျေးမှုတစ်ခုကို Kaplan Myanmar မှယူဆောင်လာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက် Fireside Chat မှာတော့ ထူးထူးခြားခြားအနေနဲ့ IT (နည်းပညာ) ပိုင်းက Professional တစ်ယောက်ကို ဖိတ်ခေါ်ထားပါတယ်။ နည်းပညာခေတ်ကို ရောက်နေပြီဆိုတော့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံအရေးတွေမှာပါနည်းပညာက မရှိမဖြစ်ပါ။

အဲဒီတော့ နည်းပညာကို စိတ်ဝင်စားတဲ့ ကျောင်းသူ၊ကျောင်းသားတွေ၊ နည်းပညာကုမ္ပဏီတွေမှာအလုပ်လုပ်ချင်တယ်၊ နည်းပညာနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်ထုတ်ကုန်တစ်ခုခုကို လုပ်ကိုင်ချင်တယ် အစရှိသဖြင့် နည်းပညာနဲ့ မိမိရဲ့ Career ကို တည်ဆောက်ချင်တယ်ဆိုရင်တော့ အခုပွဲလေးကို မဖြစ်မနေတက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Fireside Chat Episode 8 မှာ နည်းပညာနယ်ပယ်မှ အလုပ်အကိုင်အခွင့်အလမ်းများ ကို ဝေမျှပေးရင်းနဲ့ တက်ရောက်သူများ မေးတာတွေကို ဖြေဆိုသွာမည့်သူကတော့ ကိုစိုင်းတင်မင်းလူ ပဲဖြစ်ပါတယ်။

ကိုစိုင်းတင်မင်းလူဟာ လက်ရှိမှာ Legend Myanmar Technology Co., Ltd ရဲ့ Founder and CEO နဲ့ NanoLabs Ltd. ရဲ့ Chief Operating Officer (COO) ပဲဖြစ်ပါတယ်။သြဂုတ်လ ၁၉၉၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လူငယ် အိုင်တီနည်းပညာရှင်အဖြစ် နည်းပညာ အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေး ဟောပြောပွဲတွေမှာတက်ကြွစွာပါဝင် လှုပ်ရှားလျှက်ရှိပါတယ်။ ကိုစိုင်းတင်မင်းလူသည် University of Greenwich (UK) မှB.Sc(Business Information Technology )ဘွဲ့ကို ၂၀၁၆ ခုနှစ်မှာ အောင်မြင်စွာရရှိခဲ့ပြီး၊ လက်ရှိ Kaplan Myanmar တွင် Murdoch University ၏ MBA တန်းကို တက်ရောက်နေသူလည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ရဲ့ Joint Secretory (2017) အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့သင်တန်းအချို့မှာ နည်းပြဆရာ အဖြစ်လည်း လုပ်ကိုင်ရင်း Seminarနဲ့ ဆွေးနွေးပွဲပေါင်းများစွာကို တာဝန်ယူ ကျင်းပခဲ့သူဖြစ်ပါ တယ်။ ၂၀၁၇ ခုနှစ်ရဲ့ ဂျူလိုင်လမှာ ကျင်းပ ခဲ့တဲ့ “Career Opportunities in ICT Industry” Conference ရဲ့ဦးဆောင်စီစဉ်သူလည်းဖြစ်ပြီး၊ ယခုလက်ရှိ ICT Professional Summit (ICTPS)ရဲ့ အဓိက အမှုဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ်လုပ်ဆောင်နေပြီး “Digital Transformation” နဲ့ ပတ်သတ်တဲ့ ဆွေးနွေး ဟောပြော ပွဲတွေကို အောင်မြင်စွာ ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ယခုအချိန်တွင်လည်း Company အနေဖြင့် Enterprise Network Solution, Mobile and Web Application Development, Information Security, IoT Solutions နှင့် Digital Transformation လုပ်ငန်းများကိုအဓိကလုပ်ကိုင်လျှက်ရှိပါတယ်။

Zawgyi :

“Fireside Chat with IT Professional”








Venue:

Kaplan Myanmar University College A/6, Waggi Yeik Thar Street, Kamayut Township, Yangon