2019-06-16

Schedule

Date:
Time:

Future of Workplace Learning

နည်းပညာတွေနဲ့ ကျွန်ုပ်တို့ အနာဂတ်လုပ်ငန်းခွင်ကို ဘယ်လိုမျိုး ပြောင်းလဲမှု ဖြစ်စေနိုင်မလဲ..?

လုပ်ငန်းခွင်တွင်း အန္တရာယ်ဆိုတာကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ … တွင်းထွက်သယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေလို လုပ်ငန်းကြီးတွေမှာသာ ရှိတတ်တာမဟုတ်ပါဘူး။ မည်သည့်လုပ်ငန်းမှာမဆို မမျှော်လင့်ထားမိတဲ့ အန္တရာယ်တွေကြောင့် မလိုလားအပ်တဲ့ သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေက ဖြစ်ပေါ်တတ်ပါတယ်။

စင်္ကာပူလို တိုးတက်ခေတ်မှီလွန်းတယ်ဆိုတဲ့ နိုင်ငံမျိုးမှာတောင် လုပ်ငန်းခွင်တွင်း သေဆုံးမှုနှုန်းဟာ အဆမတန်မြင့်တက်လျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ WSH Statistics Report အရဆိုရင် အလုပ်သမား ၁၀၀,၀၀၀မှာ သေဆုံးသူဦးရေပေါင်း ၁.၉ % ခန့် ရှိပြီး ၂၀၁၆ ခုနှစ် Report အရ ပြင်းထန်ဒဏ်ရာရသူပေါင်း ၅၉၇ ဦးရှိပါတယ်။

ဒါတွေဟာ လုပ်ငန်းခွင်ဆိုင်ရာ Safety Training ကို လုံလောက်စွာ ပေးထားခြင်းမရှိခြင်းကြောင့် ဆိုတာက အဓိက အပိုင်းကဏ္ဍဖြစ်နေပါတယ်။

ဒါကြောင့် မရှိမဖြစ်လိုအပ်တဲ့ safety training ဆိုင်ရာ အသိပညာတွေကို တိုးတက်လာတဲ့ နည်းပညာကို အသုံးချပြီး ဘယ်လိုကွာဟချက်တွေကို ဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိလာကြပါပြီ။ တကယ်လို့ ကျွန်ုပ်တို့တတွေက ကိုယ်ကြုံတွေ့ရမယ့် လုပ်ငန်းပတ်ဝန်းကျင်အခက်အခဲတွေကို ဂိမ်းကစားသလိုသာ လေ့လာသင်ယူနိုင်မယ်သာဆိုရင် မြောက်မြားစွာသော အန္တရာယ်တွေကနေ ဘယ်လိုများ ကာကွယ်နိုင်မလဲ?

ဒီတခါ ပြုလုပ်မယ့် Workshop လေးမှာတော့ augmented reality (AR), virtual reality (VR) စတဲ့ အဆင့်မြင့်နည်းပညာတွေရဲ့ အကူအညီနဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပြီး ဂိမ်းကစားနေရသလို ကြုံတွေ့သင်ယူနိုင်မယ့် ” အနာဂတ် လုပ်ငန်းပတ်ဝန်းကျင်ကို ကြိုတင်လေ့လာခြင်း ” အကြောင်းအရာတွေကို လက်ရှိ Kaplan Myanmar တွင် MBA တန်းကို ပို့ချပေးနေသူ Murdoch University ရဲ့ Professor Peter Waring က ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။

နေ့ရက် ။ ။ ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက် ( တနင်္ဂနွေနေ့)
အချိန် ။ ။ နေ့လည် ၂ နာရီမှ ၄ နာရီအထိ
နေရာ ။ ။ Kaplan Myanmar University College

လူဦးရေ ကန့်သတ်ထားတာမို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ဖော်ပြပါ Link မှာ အမြန်ဆုံး စာရင်းပေးသွင်းထားဖိုတော့ လိုအပ်ပါတယ်။
http://bit.ly/2QNUtwq

အသေးစိတ် အချက်အလက်များကိုတော့ ကွန်မန့်မှာဖြစ်စေ၊ Message Box မှာဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ စုံစမ်းနိုင်ပါတယ်နော်။

Venue:

Kaplan Myanmar University College - KMUC A/6 Waggi Yeik Thar Street, Kamayut Township, Yangon, 11041