Schedule

Time:

How To Overcome The Risks In Engineering Industry

Free Seminar
“အင်ဂျင်နီယာလုပ်ငန်းခွင်တွေထဲက အန္တရာယ်တွေ ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ”

အင်ဂျင်နီယာ လုပ်ငန်းခွင်တော်တော် များများက အထိခိုက်ခံလို့မရပါဘူး။ ဒါကြောင့် လုပ်ငန်းတစ်ခု မစခင်.. Project တစ်ခုကို မလုပ်ဆောင်မီ ဖြစ်န်ုင်ချေရှိသမျှသော ဆုံးရှုံးနိုင်မှုတွေ.. အန္တရာယ်တွေ.. အခက်အခဲတွေကို ကြိုတင်ပြင်ဆင်တွက်ချက်ရပါတယ်။

လုပ်ငန်းတစ်ခုတွင် အနည်းနှင့်အများဆိုသလို ကြုံတွေ့ရမယ့် ထိခိုက်မှု အန္တရာယ်တွေ၊ ပစ္စည်းလေလွှင့်မှုတွေ၊ သဘာဝဘေးအန္တရာယ်တွေက ကြိုတင်စိုက်ထုန်ထားရတဲ့ ရင်းနှီးမြုပ်နှံမှုတွေ…. လူအားငွေအား အချိန်အားရင်းထားရမှုတွေကို ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးတွေအထိပါ လုပ်ငန်းခွင်ကို ထိခိုက်မှုတွေကြုံတွေ့ ရနိုင်ပါတယ်။

သေချာတွက်ချက်မှုပြုလုပ်မထားတဲ့ အရဲစွန့်မှုတွေက အကြီးစားအန္တရာယ်တွေပါ။
• ပရောဂျက်တွေကို စနစ်တကျ Demonstration တွေနဲ့ အတူ အချိန်ကို အကျိုးရှိရှိဖြစ်အောင် အစီအစဉ်ချရမယ်
• ပရောဂျက်အတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ လေလွင့်မှုမရှိအောင် စီမံရမယ်
• ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို တွက်ချက်ပြီး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရမယ်
အစရှိတဲ့လုပ်ငန်းစဉ်တွေက အင်ဂျင်နီယာဆိုင်ရာ စက်မှုလက်မှုဆိုင်ရာအတတ်ပညာတွေနဲ့တင် မလုံလောက်တော့ပါဘူး။ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်တွေကို သိရှိဖို့လိုအပ်လာပါပြီ။

စက်တင်ဘာ ၁ရက်နေ့ (တနင်္ဂနွေ) မှာ ဦးခိုင်မင်းဝေ မှ “How to overcome the risks in Engineering Industry” ခေါင်းစဉ်ဖြင့် အင်ဂျင်နီယာများအတွက် အသိပညာတချိုကို မျှဝေပေးသွားဖို့ရှိပါတယ်။
ဦးခိုင်မင်းဝေ ကတော့ လက်ရှိမှာ QA/QC Manager အဖြစ် Kajima Myanmar Co., Ltd မှာ လုပ်ကိုင်လျက်ရှိတဲ့အပြင် Project Management ဘာသာရပ်ကို သင်ကြားပေးလျက်ရှိတဲ့ ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။
ဦးခိုင်မင်းဝေ ရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြပေးလိုက်ပါတယ်

EXPERIENCE
QA/QC Manager, Kajima Myanmar Co. Ltd., (1 Oct 2018 – Date)
Project Director, Dagon Construction Co. Ltd., (1 Jan 2017- 30 Sept 2018)
Manager, Project Support Center, Shimizu Corporation (Singapore Office), (July 2013- Jan 2016)
Senior Engineer, Project Support Center, Shimizu Corporation (Singapore Office), (Aug 2011- June 2013)

EDUCATION
Master of Business Administration (Murdoch University, Australia)
Bachelor of Engineering – Civil Engineering (Yangon Technological University, Myanmar)

CERTIFICTIONS & AFFILIATIONS
Project Management Professional (PMP)(Project Management Institute, USA)
Member of Institution of Engineers Australia (MIEAust)

ဒါအပြင် Kaplan Singapore မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ Mr. Dave Kuah (Vice President of International Services and Offshore Development, International Recruitment)
မှာ Engineering Management ၏ အရေးကြီးပုံကို သူ၏ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံနှင့် ယှဉ်တွဲ
ပြောကြားပေးသွားဦးမှာပါ။

လူကြီးမင်းတို့အနေနှင့် ဒီပွဲကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
နာမည်-
ဖုန်း-
အီးမေလ်းလိပ်စာ-
တို့ဖြင့် website မှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Messenger မှ ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။

See Less

Venue:

Kaplan Myanmar University College - KMUC A/6 Waggi Yeik Thar Street, Kamayut Township, Yangon, 11041