2019-06-30

Schedule

Date:
Time:

Kaplan International Day

“၂၀၂၀အလွန် ခေတ်စားလာမည့် ပညာရေးလမ်းကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းဟောပြောပွဲ ”

Kaplan International ၏ တိုက်ရိုက်ကျောင်းခွဲဖြစ်သော Kaplan Myanmar University College ၏

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများနှင့်

ကျောင်းသားမိဘများအတွက် ရည်ရွယ်၍ 2020 အလွန် နိုင်ငံတကာတွင် ခေတ်စားလာမည့် ပညာရေးနှင့်

အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို ဝါရင့်အတွေ့အကြုံရှိ ပညာရှင်များမှ ဟောပြောဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။

၎င်းဆွေးနွေးပွဲကို ဇွန်လ ၃၀ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီအထိ Melia Hotel (Ball Room) တွင်

ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည် ။

အဆိုပါပွဲတွင် ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် နှင့်အတူ

ဒေါက်တာဇော်နိုင် ( Mandalay Technology ) ၊ ဒေါ်လှလှဝင်း ( 360 Ed ) ၊ ကိုအဲလက်ခိုင် ( The Pink Sun Content Firm ) ၊

ဒေါ်ခိုင်ခိုင်လင်း ( Kaplan Myanmar University College) တို့မှ ပါဝင်ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။

ကမ္ဘာအကြီးဆုံး Education provider တွေထဲက တစ်ခုဖြစ်တဲ့ Kaplan သည် နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိပြီး နိုင်ငံပေါင်း ၃၀ကျော် မှာ ကျောင်းပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားတဲ့ သမိုင်းကြောင်းခိုင်မာတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ် ။ ဟောပြောပွဲနေ့တွင် Kaplan USA, Kaplan UK,Kaplan Singapore နှင့် Kaplan Myanmar University College တို့မှ နိုင်ငံတကာ အတွေ့ ကြုံရှိ သက်ဆိုင်ရာ ပညာရေးတာဝန်ခံကြီးများကိုယ်တိုင် ဆွေးနွေးပေးသွားမှာဖြစ်ပါသည် ။

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ ၊ HND / ABE ကဲ့သို့ အခြားသော အဆင့်မြင့်ဒီပလိုမာ ပြီးမြောက်ထားပြီး နောက်ဆုံးနှစ်အတန်းလျှောက်ထားလိုသူများ ၊ MBA နှင့် MSc Engineering Management အတန်း တက်ရောက်လိုသူများအားလုံးအတွက် SCHOLARSHIP ပညာသင်ဆု မြန်မာငွေ ကျပ်သိန်းပေါင်း ၉၀၀ ကျော် ပေးအပ်သွားမည့် အစီအစဉ်များလည်းရှိပါတယ်။ ဒါအပြင် ပွဲနေ့တွင် ကျောင်းအပ်နှံလျောက်ထားသူများ အတွက် Application fees ကင်းလွတ်ခွင့် ရရှိမည့် အခွင့်အရေးနှင့် အတူ အခြားသောလက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်သွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘများအနေဖြင့်လည်း 09777636000 / 09777686000 သို့ ဆက်သွယ်စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

အခမဲ့ စာရင်းပေးသွင်းရန်- http://bit.ly/KaplanInternationalDay

Venue:

Melia, Yangon