Ai ခေတ်ရဲ့ ပညာရေး : ၂၀၂၀အလွန်ဘာတွေဖြစ်လာမလဲ

Ai ခေတ်ရဲ့ ပညာရေး : ၂၀၂၀အလွန်ဘာတွေဖြစ်လာမလဲ

Free Seminar (Unicode)

ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင်ဟော့ကင်း ကတော့ Artificial Intelligence (မှတ်ဉာဏ်တု) နဲ့ပတ်သက်ပြီးတော့ ဒီလိုပြောခဲ့ပါတယ် “AI ဟာ သူ့ကိုယ်သူ အဆင့်မြင့်အောင်တီထွင်ဖန်တီးလာနိုင်ပြီးတော့ လူသားတွေကို ဘေးဖယ်ထုတ်ပစ်မယ့် အဆက်မပြတ် ဖွံ့ဖြိုးနေတဲ့ အရာတစ်ခုဖြစ်တယ်”။

အနာဂတ်မှာ တကယ်ပဲ AI တွေက လူသားတွေကို လွှမ်းမိုးသွားနိုင်မလား? ကျွန်တော်တို့ရဲ့ သင်ယူနိုင်စွမ်းတွေထက်အများကြီးပိုများနေတဲ့ AI တွေနဲ့ ယှဥ်ဖို့ ဘယ်လိုပညာရပ်တွေကို လေ့လာရမလဲ?

လုပ်ငန်းခွင်တွေထဲမှာ AI တွေလွှမ်းမိုးလာမှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီးတော့ရောဘယ်လိုတွေဖြစ်လာမလဲ?

အစရှိတဲ့မေးခွန်းတွေအတွက် လာမည့် အောက်တိုဘာ ၂၀ရက်နေ့ မှာ ကျင်းပမည့် : AI ခေတ်ရဲ့ပညာရေး “၂၀၂၀အလွန်ဘာတွေဖြစ်လာမလဲ?” ဆွေးနွေးပွဲမှာ အားလုံးသိချင်နေတဲ့မေးခွန်းတွေကို ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။

Register Here- http://bit.ly/EduAiEra

ဒီပွဲကြီးကို စကားဝိုင်းနှစ်ခုနှင့် ပြုလုပ်သွားမှာဖြစ်ပြီးတော့

ပထမ စကားဝိုင်းမှာတော့
Kaplan Myanmar University College ရဲ့ Principal ဖြစ်သူ ဒေါ်ခိုင်ခိုင်လင်းမှ Moderator အဖြစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး Kaplan ရဲ့ Alumini တွေဖြစ်တဲ့
Ko Saw Thura Win @Michael (Chief Operation Officer, Era Myanmar)
Ma Lachmi Baniya (Chief Operation Officer, Gandawin Telly)
Ko Peter @SMyo Lin Tun (Corporate Strategy & Development, CB Bank )
Ma Mya Pyie Sone @Emerald (Head of Business Development, Duwun Media)
Ko Zaw Ye Lin (Campaign Strategist, Big Bang Marekting)
တို့မှ “လုပ်ငန်းခွင်ထဲက အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ” ဆိုတဲ့ခေါင်းစဥ်နဲ့ဆွေးနွေးပေးသွားမှာပါ။

ဒုတိယ စကားဝိုင်းမှာတော့
Crown Education ရဲ့ Managing Director
ကို အောင်ကျော်ဆန်းမှ Moderator အဖြစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး

Ko Thaung Su Nyein (Managing Director, Information Matrix)
Ko Thuyain Aung (Head of Marketing, AGD Bank)
Ma Yadanar Zaw (Co-Founder & Executive Director, Edify Myanmar Management consultancy
တို့မှ “AI ခေတ်ရဲ့ ပညာရေး: ၂၀၂၀အလွန်ဘာတွေဖြစ်လာမလဲ” ခေါင်းစဉ်ဖြင့်ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
20th October, 2019 (Sunday) ရက်နေ့
1:00PM- 4:00PM နာရီ
Novotel Hotel (ပြည် ခန်းမ) တွင်ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ဒီပွဲကို ဘယ်သူတွေတက်သင့်လဲ?
မိမိတို့ရဲ့ ကလေးတွေရဲ့ အနာဂတ်/ ပညာရေးတွေ အတွက်ပြင်ဆင်ပေးနေတဲ့ မိဘတွေ၊ ကျောင်းသူ/ ကျောင်းသားတွေ နဲ့ အနာဂတ်လုပ်ငန်းခွင်တွေအကြောင်းလေ့လာချင်နေတဲ့/ အနာဂတ်အတွက် ဘယ်လို Skillset တွေကို လေ့လာချင်နေတဲ့ အရွယ်ရောက်ပြီးလုပ်ငန်းခွင်ထဲကသူ အားလုံးတက်ရောက်သင့်ပါတယ်။
Register Here- http://bit.ly/EduAiEra

Free Seminar (Zawgyi)

Free Seminar (Unicode)









1:00PM- 4:00PM နာရီ


Date

Oct 20 2019

Time

1:00 pm - 4:00 pm

Location

Novotel Yangon Max
459 Pyay Road, Kamayut Tsp, Yangon, 0000
X
QR Code

Comments are closed.